စာရေးသူရဲ့ ပညာရေးပန်းတိုင်ဟာ ၂၀၁၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် အောင်မြင်ပြီးမြောက်ခြင်းသို့   ရောက်ရှိခဲ့ပါတယ်။ အဲဒီနေ့မှာ စာရေးသူရဲ့ Thesis ကို Viva Voce လုပ်ပါတယ်။ Viva Voce ပြုလုပ်တဲ့ နေရာကတော့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်း (ဘုံဘေ) မြို့၊ မွမ်းဘိုင်း (ဘုံဘေ) တက္ကသိုလ် (Main University) မှာပါ။ ဘုံဘေတက္ကသိုလ်ကြီးဟာ ရှေးဟောင်းအနုပညာလက်ရာများနဲ့ အင်္ဂလိပ်အစိုးရက တည်ဆောက်  ပေးထားခဲ့တဲ့ တက္ကသိုလ် ဖြစ်ပါတယ်။ ယနေ့တိုင်အောင် ရှေးဟောင်းလက်ရာ များကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ အလွန်လည်း ခန့်ငြားထည်ဝါလှပါတယ်။ တက္ကသိုလ်အတွင်း တည် ဆောက်ထားတဲ့ နာရီစင်ကြီးကလည်း တက္ကသိုလ်ရဲ့ အလှကို ပိုမိုပေါ်လွင် စေပါတယ်။ ဒါကြောင့်လည်း တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ကြော်ငြာဆိုင်းဘုတ်များမှာ တက္ကသိုလ်ကြီးရဲ့ အထိမ်းအမှတ် အဖြစ် နာရီစင်ကို  ထည့်သွင်းဖော်ပြလေ့ရှိကြပါတယ်။

မွမ်ဘိုင်း (ဘုံဘေ) တက္ကသိုလ်နဲ့ ပတ်သက်လို့ ပြောပြရမယ်ဆိုရင် ဘုံဘေတက္ကသိုလ်ဟာ New University of Mumbai နဲ့ Old University of Mumbai ဆိုပြီး တက္ကသိုလ် နှစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် တက္ကသိုလ်ကတော့ တစ်ခုထဲပါပဲ။ Kalina Campus မှာ ရှိတဲ့ တက္ကသိုလ်မှာ သင်ကြားမှု စသည်ပြုလုပ်ပြီး၊ Fort Campus မှာ ရှိတဲ့ Old University of Mumbai မှာတော့ သင်ကြားမှု စသည် မလုပ်တော့ဘဲ ရုံးချုပ်အဖြစ်ပဲ ထားရှိပါတော့တယ်။ Viva Voce ကို Old University of Mumbai ရဲ့ Thesis Section မှာ ပြုလုပ်ပါတယ်၊

နာရီဝက်ခန့် စစ်ဆေးပြီးတော့ အတည်ပြုလက်မှတ် ရေးထိုးပေးကာ ဒေါက်တာ ဟု နာမည် တပ်၍ Congratulation ဆိုပြီး ဂုဏ်ပြုပါတယ်။ အဲဒါကြောင့်လည်း ဒီနေ့ကို မမေ့နိုင်တဲ့ နေ့တစ်နေ့လို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် မတ်လ ၇ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ တပေါင်းလပြည့်နေ့နဲ့ ကြုံနေတဲ့အတွက့် ပိုပြီးထင်ရှားတဲ့နေ့ မှတ်သားရ လွယ်ကူတဲ့ နေ့လည်းဖြစ်ခဲ့ ပါတယ်။

ဒီနေ့ကို ရောက်ရှိဖို့ မျှော်လင့်ချက်ကြီးမားစွာနဲ့ စောင့်စားခဲ့ရပါတယ်။ အခက်အခဲပေါင်း များစွာ ကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်။ ပန်းတိုင်ရောက်အောင် လျှောက်လှမ်းနိုင်ဖို့ ရင်းနှီးခဲ့ရတဲ့အချိန်တွေ၊ ငွေတွေအတွက်လည်း အောင်မြင်မှု ရရှိခဲ့တာကြောင့် ကျေနပ်မှုဖြစ်ခဲ့ပါ တယ်။

ရရှိမှုတစ်ခုဟာ ပေးဆပ် မှုရဲ့ နောက်ကြောင်း မကင်းဘူး ဆိုတဲ့စကားအတိုင်းပဲ မည်သူမဆို အလကားရတယ်ဆိုတာ ဘာဆို ဘာမှ မရှိပါဘူး၊ ပေးဆပ်မှုပြုကြရပါတယ်၊ အချိန်သော်လည်းကောင်း၊ ငွေသော်လည်းကောင်း၊ လုပ် အားသော် လည်းကောင်း တစ်ခုခုတော့ ပေးဆပ်ကြရပါတယ်။ ပေးဆပ်တဲ့ အတိုင်းအတာ ကြိုးစားမှု အတိုင်းအတာပေါ်မူတည်ပြီး အောင်မြင်မှုတွေရကြပါတယ်။

အဲဒီနေ့က Viva Voce ပြီးတာနဲ့ ကျမ်းကြီးကြပ်ပေးတဲ့ဆရာကြီး၊ ပြင်ပကျမ်းစစ် ဆရာကြီးနဲ့ သူငယ်ချင်းများ ကို Restaurant မှာ လိုက်ပြီး နေ့လည်စာ နေ့ဆွမ်းတို့ဖြင့် ဧည့်ခံ ဆက်ကပ်ခဲ့ပါတယ်။ ၀မ်းသာကြည်နူးမှုများလည်း ဖြစ်ခဲ့ရပါတယ်။

Thesis Section မှ သူငယ်ချင်းများနဲ့ အတူ University of Mumbai သို့ ပြန်လာခဲ့ပြီးချိန် မှာတော့ အမေနဲ့ ဆရာတော်တို့ထံ ဖုန်းဆက်ဖြစ်ခဲ့ပါတယ်။ ဆရာတော်လည်း ၀မ်းသာ၊ အမေနဲ့ ရဟန်းဒကာမတို့လည်း ၀မ်းသာခဲ့ကြပါတယ်။ ၀မ်းသာမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့နေ့၊ အောင်မြင်မှု ရရှိခဲ့တဲ့ နေ့ ဖြစ်တဲ့အတွက် မမေ့နိုင်တဲ့ (၀မ်းမြောက်ဖွယ်ကောင်းတဲ့) နေ့အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။


0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels