- ဘုရားအလောင်း ပဋိသန္ဓေယူတော်မူတဲ့နေ့
- ဘုရားအလောင်း တောထွက်တော်မူတဲ့နေ့
- ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစကြာ တရားတော်မြတ်ကို ဟောကြားတော်မူတဲ့နေ့
- တိတ္ထိတို့အား သရက်ဖြူပင်ရင်းမှာ တန်ခိုးပြာဋိဟာကို ပြတော်မူတဲ့နေ့
- ပဉ္စ၀ဂ္ဂီငါးဦးတို့အား ငါဘုရားဖြစ်ပြီလို့ ၀န်ခံပြောကြားတဲ့ အတွက် ဘုရားရတနာ စတင်ပေါ်ပေါက်တဲ့နေ့
- ဓမ္မစကြာတရားတော်မြတ်ကို စတင်ဟောကြားတော်မူတဲ့အတွက် တရားရတနာ စတင် ပေါ်ပေါက်တဲ့နေ့
- ပဉ္စ၀ဂ္ဂီငါးဦးတို့ သာသနာဘောင် ၀င်ပြီး ရှင်ရဟန်းအဖြစ်ကို ခံယူခဲ့တဲ့အတွက် သံဃာရတနာ စတင်တဲ့နေ့
- ပဉ္စ၀ဂ္ဂီငါးဦးတို့ သာသနာ့ဘောင်တွင်းသို့ ၀င်ရောက်တဲ့အခါ ဧဟိ ဘိက္ခု ဟု စတင်ခေါ်ဝေါ်တဲ့နေ့
- ပုထုဇဉ်အနွယ်မှ အရိယာအနွယ်သို့ အရှင်ကောဏ္ဍည စတင်ရောက်ရှိတဲ့နေ့
- တာဝတိံတာ နတ်ပြည်၌ မယ်တော်အပါဝင် နတ်၊ ဗြဟ္မာများအား အဘိဓမ္မာတရားတော်မြတ်ကို စတင်ဟောကြားပြီး ကျေးဇူးဆပ်တော်မူတဲ့နေ့ တို့ ဖြစ်ပါတယ်။
စာရေးသူရဲ့ ပညာရေးပန်းတိုင်ဟာ ၂၀၁၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် အောင်မြင်ပြီးမြောက်ခြင်းသို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီနေ့မှာ စာရေးသူရဲ့ Thesis ကို Viva Voce လုပ်ပါတယ်။ Viva Voce ပြုလုပ်တဲ့ နေရာကတော့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်း (ဘုံဘေ) မြို့၊ မွမ်းဘိုင်း (ဘုံဘေ) တက္ကသိုလ် (Main University) မှာပါ။ ဘုံဘေတက္ကသိုလ်ကြီးဟာ ရှေးဟောင်းအနုပညာလက်ရာများနဲ့ အင်္ဂလိပ်အစိုးရက တည်ဆောက် ပေးထားခဲ့တဲ့ တက္ကသိုလ် ဖြစ်ပါတယ်။ ယနေ့တိုင်အောင် ရှေးဟောင်းလက်ရာ များကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ အလွန်လည်း ခန့်ငြားထည်ဝါလှပါတယ်။ တက္ကသိုလ်အတွင်း တည် ဆောက်ထားတဲ့ နာရီစင်ကြီးကလည်း တက္ကသိုလ်ရဲ့ အလှကို ပိုမိုပေါ်လွင် စေပါတယ်။ ဒါကြောင့်လည်း တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ကြော်ငြာဆိုင်းဘုတ်များမှာ တက္ကသိုလ်ကြီးရဲ့ အထိမ်းအမှတ် အဖြစ် နာရီစင်ကို ထည့်သွင်းဖော်ပြလေ့ရှိကြပါတယ်။
မွမ်ဘိုင်း (ဘုံဘေ) တက္ကသိုလ်နဲ့ ပတ်သက်လို့ ပြောပြရမယ်ဆိုရင် ဘုံဘေတက္ကသိုလ်ဟာ New University of Mumbai နဲ့ Old University of Mumbai ဆိုပြီး တက္ကသိုလ် နှစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် တက္ကသိုလ်ကတော့ တစ်ခုထဲပါပဲ။ Kalina Campus မှာ ရှိတဲ့ တက္ကသိုလ်မှာ သင်ကြားမှု စသည်ပြုလုပ်ပြီး၊ Fort Campus မှာ ရှိတဲ့ Old University of Mumbai မှာတော့ သင်ကြားမှု စသည် မလုပ်တော့ဘဲ ရုံးချုပ်အဖြစ်ပဲ ထားရှိပါတော့တယ်။ Viva Voce ကို Old University of Mumbai ရဲ့ Thesis Section မှာ ပြုလုပ်ပါတယ်၊
နာရီဝက်ခန့် စစ်ဆေးပြီးတော့ အတည်ပြုလက်မှတ် ရေးထိုးပေးကာ ဒေါက်တာ ဟု နာမည် တပ်၍ Congratulation ဆိုပြီး ဂုဏ်ပြုပါတယ်။ အဲဒါကြောင့်လည်း ဒီနေ့ကို မမေ့နိုင်တဲ့ နေ့တစ်နေ့လို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် မတ်လ ၇ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ တပေါင်းလပြည့်နေ့နဲ့ ကြုံနေတဲ့အတွက့် ပိုပြီးထင်ရှားတဲ့နေ့ မှတ်သားရ လွယ်ကူတဲ့ နေ့လည်းဖြစ်ခဲ့ ပါတယ်။
ဒီနေ့ကို ရောက်ရှိဖို့ မျှော်လင့်ချက်ကြီးမားစွာနဲ့ စောင့်စားခဲ့ရပါတယ်။ အခက်အခဲပေါင်း များစွာ ကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်။ ပန်းတိုင်ရောက်အောင် လျှောက်လှမ်းနိုင်ဖို့ ရင်းနှီးခဲ့ရတဲ့အချိန်တွေ၊ ငွေတွေအတွက်လည်း အောင်မြင်မှု ရရှိခဲ့တာကြောင့် ကျေနပ်မှုဖြစ်ခဲ့ပါ တယ်။
ရရှိမှုတစ်ခုဟာ ပေးဆပ် မှုရဲ့ နောက်ကြောင်း မကင်းဘူး ဆိုတဲ့စကားအတိုင်းပဲ မည်သူမဆို အလကားရတယ်ဆိုတာ ဘာဆို ဘာမှ မရှိပါဘူး၊ ပေးဆပ်မှုပြုကြရပါတယ်၊ အချိန်သော်လည်းကောင်း၊ ငွေသော်လည်းကောင်း၊ လုပ် အားသော် လည်းကောင်း တစ်ခုခုတော့ ပေးဆပ်ကြရပါတယ်။ ပေးဆပ်တဲ့ အတိုင်းအတာ ကြိုးစားမှု အတိုင်းအတာပေါ်မူတည်ပြီး အောင်မြင်မှုတွေရကြပါတယ်။
အဲဒီနေ့က Viva Voce ပြီးတာနဲ့ ကျမ်းကြီးကြပ်ပေးတဲ့ဆရာကြီး၊ ပြင်ပကျမ်းစစ် ဆရာကြီးနဲ့ သူငယ်ချင်းများ ကို Restaurant မှာ လိုက်ပြီး နေ့လည်စာ နေ့ဆွမ်းတို့ဖြင့် ဧည့်ခံ ဆက်ကပ်ခဲ့ပါတယ်။ ၀မ်းသာကြည်နူးမှုများလည်း ဖြစ်ခဲ့ရပါတယ်။
Thesis Section မှ သူငယ်ချင်းများနဲ့ အတူ University of Mumbai သို့ ပြန်လာခဲ့ပြီးချိန် မှာတော့ အမေနဲ့ ဆရာတော်တို့ထံ ဖုန်းဆက်ဖြစ်ခဲ့ပါတယ်။ ဆရာတော်လည်း ၀မ်းသာ၊ အမေနဲ့ ရဟန်းဒကာမတို့လည်း ၀မ်းသာခဲ့ကြပါတယ်။ ၀မ်းသာမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့နေ့၊ အောင်မြင်မှု ရရှိခဲ့တဲ့ နေ့ ဖြစ်တဲ့အတွက် မမေ့နိုင်တဲ့ (၀မ်းမြောက်ဖွယ်ကောင်းတဲ့) နေ့အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
Department of Philosophy တွင် Head နှင့် ၀င်တွေ့ပြီး Ph.D တန်းအတွက် မေးမြန်းစုံစမ်းခဲ့ ပါတယ်၊ M.A Certificate, Marks, Migration တို့ကို ကြည့်ရှုစစ်ဆေးပါတယ်။ ပြီးတော့ မည်သည့် အကြောင်းအရာနှင့် Thesis လုပ်မလဲ မေးမြန်းပါသည်။ Synopsis ကို ပြသရပါသည်။ Synopsis ကို Head ထံမှာ ထားခဲ့ပြီး ချိန်းဆိုသည့် ရက်မှာ လာရန် ပြောကြားခဲ့ပါသည်။ ဌာနမှူး ချိန်းဆိုသည့်နေ့ တွင် စာရေးသူရဲ့ Synopsis ကို ပြန်ပြင်ရေးရန်နှင့် ၀င်ခွင့်ဖြေရန် ချိန်းဆိုခဲ့ပြန်ပါသည်။ Synopsis ကို ပြန်ပြင်ရင်း ဖြေဆိုရန်တို့အတွက် လေ့လာရ ပါသည်။
ချိန်းဆိုထားသည့်ရက်တွင် Ph.D ၀င်ခွင့် ဖြေဆိုခဲ့ပြီး ၀င်ခွင့်အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် ဌာနမှူးမှ စာရေးသူရဲ့ ကျမ်းကို Guide လုပ်မည့် ဆရာထံ ညွှန်ကြားခဲ့ပါတယ်။ Guide ထံမှာ Synopsis ကို ပြသပြီး အတည်ပြုချက်ရယူခဲ့ရပါတယ်။ ဆရာကြီးမှ အတည်ပြုချက်အဖြစ် Synopsis တွင် လက်မှတ်ရေးထိုးပေးပါသည်။ အဲဒီနောက် ဌာနမှူးထံ မှာ လက်မှတ်ရယူခဲ့ရပြီး Thesis Section တွင် စာရေးသူရဲ့ Synopsis ကို တင်ပြရပါသည်။
Synopsis အတည်ပြုကြောင်း စာရွက်ထွက်လာသည့်အခါမှာ Research Visa ယူရန် မြန်မာ နိုင်ငံသို့ ပြန်ပြီး မြန်မာနိုင်ငံရှိ အိန္ဒိယ သံရုံးတွင် Visa လျှောက်ထားရပါသည်။ Research Visa ယူပြီး နောက် အိန္ဒိယသို့ ပြန်ခဲ့ရပါသည်။ စာရေးသူရောက်တဲ့အချိန်တွင် Thesis Section မှ Approval Letter ထွက်ရှိနေပြီလည်း ဖြစ်ပါသည်။ ဒီ Letter သည် Ph.D လျှောက်ထားသည့် ကျောင်းသားကို လက်ခံလိုက်သည့်စာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ လျှောက်ထားသူ၏ Synopsis ကို ကြည့်၍ Thesis Section ဘုတ်အဖွဲ့ မှ ပြင်ဆင်ပေးတတ်ပါသည်။ စာရေးသူရဲ့ Synopsis ကို ကြည့်၍ Title ကို ပြင်ဆင်ပေးခဲ့ပါသည်။ Synopsis ကို ပြင်ဆင်ရခြင်း မရှိပါ။ စာရေးသူရဲ့ Title က Buddhist Philosophical Study of Three words urged by deities with special reference to Itivuttaka Pali ဖြစ်ပါသည်။ သို့သော် Approval Letter ကျလာသောအခါ စာရေးသူရဲ့ Title ကို The concepts of Deva, Sugati and Saddha in Buddhism; A Philosophical Study ဟု ပြင်ဆင်ပေးခဲ့ပါသည်။
စာရေးသူသည် Thesis Section မှ ချမှတ်ပေးသော ခေါင်းစဉ်ဖြင့် ကျမ်းတစ်စောင်ကို ရေးသား တင်သွင်းခဲ့ရပါသည်။ ကျမ်းတင်ပြီးနောက် Viva Voce အတွက် အကြောင်းကြားမည့် အချိန်ကို စောင့်မျှော်နေခဲ့ရပါသည်။
၂၀၁၂ ခုနှစ်၊ ၁၂ လပိုင်းမှာတော့ စာရေးသူရဲ့ ဆရာကြီးမှ အဆက်အသွယ်လုပ်ရန် အကြောင်း ကြားလာပါသည်။ သို့အတွက်ကြောင့် Department of Philosophy ကို ဖုန်းနဲ့လည်း ဆက်သွယ်ခဲ့ သလို၊ အီးမေးနဲ့လည်း ဆက်သွယ်ခဲ့ပါတယ်။ ဆရာကြီးမှ ၁ လပိုင်း ၂၀ ရက်မှာ Viva Voce အတွက် အကြောင်းကြားလာပါတယ်။
အကြောင်းကြားလာတဲ့အချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဂျာမန်ဗီဇာကုန်ခါနီးအချိန်နှင့် အိန္ဒိယ ဗီဇာ ကုန်ခါနီးအချိန်ဖြစ်နေပါတယ်။ အဲဒါကြောင့် Viva Voce ကျင်းပမယ့်ရက် ၁ လပိုင်း ၃၁ ရက်နေ့ ကို မသွားနိုင်ခဲ့ပါဘူး၊ ဗီဇာအခက်အခဲဖြစ်နေတဲ့ အကြောင်းကိုလည်း ဌာနမှူးနဲ့ ဆရာကြီးတို့ထံ အကြောင်းကြားခဲ့သဖြင့် ရက်ရွေှ့ဆိုင်းပေးခဲ့ပါတယ်။ ဗီဇာကိစ္စများ အဆင်ပြေသည့်အခါမှ သွားရောက် နိုင်ခဲ့ပါသည်။ ၂ လပိုင်း ၂၄ ရက်မှာတော့ အိန္ဒိယနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ ၂၅ ရက်နေ့ နံနက်မှာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ သူငယ်ချင်းများ လာရောက် စောင့်ကြိုနေ ကြပါတယ်။ ဆရာကြီးနဲ့လည်း အဲဒီနေ့ နံနက် ၁၁း ၃၀ နာရီလောက်မှာ တွေ့ဆုံဖြစ်ခဲ့ပြီး Visa တစ်လပဲ ရကြောင်း နဲ့ တစ်လအတွင်း အဆင်ပြေအောင် အကူအညီ ပေးပါရန် မေတ္တာရပ်ခံ ခဲ့ပါသည်။
ဆရာကြီးမှ သုံးပတ်အတွင်း ပြီးအောင်စီစဉ်ပေးမည့်အကြောင်း ပြောပါသည်။ ပြင်ပစာစစ်ထံ သို့လည်း စာရေးသူရဲ့ ရှေ့မှာပဲ ဖုန်းဆက်ပြီး အမြန်စီစဉ်ပေးဖို့အကြောင်း ပြောပါသည်။ ဆရာကြီးပြော သည့်အတိုင်းပဲ ပြင်ပကျမ်းစစ်မှ မတ်လ ၇ ရက်နေ့ကို Viva Voce ပြုလုပ်မည့်ဟု အကြောင်းကြား သဖြင့် Thesis Section သို့ သွား၍ မတ်လ ၇ ရက်နေ့ စာထွက်ပေးရန် ပြောကြား ရပါသည်။ Thesis Section မှ ဆရာကြီးများ သတ်မှတ်သည့် ရက်အတိုင်း စီစဉ်ပေးခဲ့ပါသည်။
မတ်လ ၇ ရက်နေ့ နေ့လည် ၁၁း ၀၀ နာရီအချိန်တွင် Viva Voce ပြုလုပ်ရပါသည်။ နာရီဝက် ခန့်ကြာအောင် မေးမြန်းစစ်ဆေးပါသည်။ အဲဒီနောက် ဒေါက်တာဘွဲ့နာမည်တပ်၍ လက်ဆွဲ နှုတ်ဆက် ပြီး ဒေါက်တာဖြစ်သွားပြီဖြစ်တဲ့ အကြောင်း ပြောကြားပြီး Congratulation လုပ်ပါသည်။
အဲဒီနောက် အတည်ပြုချက်စာရွက်တွင် ကျမ်းကြီးကြပ်သူ ဆရာကြီးနဲ့ ပြင်ပကျမ်းစစ် ဆရာ ကြီးတို့မှ လက်မှတ်ရေးထိုးပေးခဲ့ကြပါသည်။ ဆရာကြီး၊ ပြင်ပကျမ်းစစ်ဆရာကြီးနဲ့ သူငယ်ချင်းများကို နေ့ဆွမ်းအတွက် Restaurant မှာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
