စာရေးသူ အိန္ဒိယ နိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်ရောက်ပြီးနောက် ဂျာမဏီ နိုင်ငံသို့ ကြွရောက်ရန် ရန်ကုန်မြို့ရှိ ဂျာမဏီ သံရုံးတွင် ဗီဇာ လျှောက်ထား ခဲ့ရပါတယ်။ ဗီဇာရ ပြီး၍ ဂျာမဏီသို့ မကြွ ရောက်ခင် ဇာတိမြို့သို့ ပြန်ခဲ့ ပါတယ်။ စာရေးသူ ငယ်စဉ်က ပညာရည်နို့ သောက်စို့ ခဲ့တဲ့ မိခင် ကျောင်းတိုက်သို့ ပြန်ခဲ့ခြင်း ဖြစ်ပြီး ဆရာတော်နှင့် မိဘတို့အား အသိပေး လျှောက်ထားရန် အတွက် ဖြစ်ပါတယ်။ ဆရာတော်အား ဂျာမဏီနိုင်ငံသို့ စာရေးသူ ကြွရောက်ရမည့် အကြောင်း လျှောက်ထားရင်း ဂျာမဏီမှ ပင့်ဖိတ်သည့် စာကို ပြသခဲ့ပါတယ်။ ဆရာတော်မှ စာရေးသူအား ကြွရောက်ရမည့် ရက်ကို မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် စာရေးသူအား ရန်ကုန်မှ ဦးရှုအောင် + ဒေါ်အေးအေးဝင်း မိသားစုတို့ သိက္ခာထပ် ပေးမည့် အကြောင်း မိန့်ကြားပါတယ်။ ဂျာမဏီသို့ မကြွခင် သိက္ခာထပ် အလှူတော် မင်္ဂလာကို ကွမ်းခြံကုန်းမြို့၊ ဓမ္မိကာရုံ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။




မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အလှူရှင် ဦးလွင်သိန်း + ဒေါ်တင်အေး၊ ဒေါ်အေးအေးဝင်း၊ ဒေါ်စန်းစန်းနုတို့ သိက္ခာထပ်ရန် သင်္ကန်း ပရိက္ခရာများ ဆက်ကပ်နေစဉ်









မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒကာမကြီး ဒေါ်တင်အေးနှင့် အတူ နေ့ဆွမ်း ဆက်ကပ်နေစဉ်




0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels