ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသန ရံသီတွင် သီတင်းသုံးရန် အသင်း အမှုဆောင် များက ပင့်ဖိတ်ခဲ့ကြ သဖြင့် ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့သို့၊ မလေးရှား အဲယားလိုင်းဖြင့် ထွက်ခွါခဲ့ ပါတယ်။ ဂျာမဏီ နိုင်ငံသို့ ရန်ကုန်မှ မလေးရှားသို့ ဦးစွာ ထွက်ခွါခဲ့ပြီး မလေးရှားမှ တစ်ဆင့် ဖရန့်ဖို့မြို့သို့ ဆက်လက် ထွက်ခွါခဲ့ ရပါတယ်။ မလေးရှား လေဆိပ်တွင် ဖရန့်ဖို့သို့ ပျံသန်းထွက်ခွါမည့် လေယာဉ် စောင့်ဆိုင်း နေစဉ် ဖရန့်ဖို့မြို့တွင် နေထိုင်တဲ့ မြန်မာပြည်မှ ဒကာ တစ်ဦးနဲ့ ဆုံတွေ့ခဲ့ပြီး ဒကာနဲ့ အတူ ဖရန့်ဖို့မြို့သို့ ထွက်ခွါခဲ့ပါတယ်။ ဒကာရဲ့ နာမည်က ဦးတင်ထွန်းပါ။ ဒကာ ဦးတင်ထွန်းရဲ့ အကူအညီဖြင့်လည်း အစစအရာရာ အဆင်ပြေ ချောမွေ့ခဲ့တဲ့ အတွက် အထူးပင် ကျေးဇူးတင် ခဲ့ရပါတယ်။
ဗုဒ္ဓသာသနရံသီ အသင်း အမှုဆောင် ဦးသိန်းယု၊ ဦးတင်ထွန်း တို့နှင့် ဂျာမဏီနိုင်ငံ၊ ဖရန့်မြို့၊ ဖရန့်ဖို့ လေဆိပ်တွင် တွေ့ဆုံခဲ့ ကြစဉ်က အမှတ်တရ
အသင်း အမှုဆောင် ဦးသိန်းယု၊ ကိုအောင်ဇေယျ (ခ) ကိုဖိုးလပြည့်တို့ ဖရန့်ဖို့ လေဆိပ်တွင် ကြိုဆိုခဲ့စဉ်က အမှတ်တရ
0 comments:
Post a Comment