ဝိသိဋ္ဌ ဥဘတောဝိဘင်္ဂဓရဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သာမဏေကျော်ဘွဲ့၊ ၀ိနယ၀ိဒူဘွဲ့၊ ၀ိသိဋ္ဌအင်္ဂုတ္တရ၀ိဒူဘွဲ့များရ အရှင်ပညာဓဇာလင်္ကာရ အား ရေးစပ်ပူဇော်သည့် ရှစ်ဆယ်ပေါ်တေးထပ်

· ပိဋကတ်တော် စာသဘင်ပွဲ

· ဆင်ကာနွှဲဖို့ နေ့ညစဉ်

· ရည်သန်ဇွဲ မြတ်အရှင်မှာ

· အောင်ပွဲဝင် ဂုဏ်ရည်နှင်း

· ဓမ္မိကာရုံတိုက် တပည့်လိမ္မာ

· အသိပညာ ထွန်းတောက်လာခြင်း။

v ခက်ခဲလှ အဆင့်မြင့်ပညာ

v ဖူးပွင့်ဝေဆာ အရှင်သား

v ထူးတင့်ဂုဏ်ဖြာ ပြိုင်ယှဉ်ရှားပါလို့

v ဇာနည်တစ်ပါး အောင်ပွဲဆင်

v ၀ိနည်းဒေသနာ အာဂုံကျက်

v ဥာဏ်စွမ်းထက်သည့် အာဂ … အရှင်……….

Ø ၀ိသိဋ္ဌနှင့် ဂုဏ်ထူးဝင်

Ø ကွမ်းခြံတစ်ခွင် ကျော်ကြား

Ø ပရိယတ်နယ်တွင် ခန့်ငြားပါလို့

Ø ထင်ရှားမည့် ဘွဲ့များပိုင် … ရှင်…….

Ø အရှင်ပညာဓဇာလင်္ကာရ ဂုဏပူဇာ

Ø ကျောင်းတိုက်သာသနာ မော်ကွန်းတင်ဖို့လေး ……..

Ø ဥဘတောဝိဘင်္ဂဓရ အရှင့်ပညာ

Ø နေလပမာ ထွန်းပနိုင်ဖို့လေး……

အရှင်ပညာဝံသ (ကွမ်းခြံကုန်း)

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels