၂၀၁၁ - ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ညဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ညတစ်ညအဖြစ် သတ်မှတ် ထားကြပါတယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြလို့ပါပဲ၊ စာရေးသူတို့ နေတဲ့ မြို့မှာတော့ ည ၇ နာရီလောက်ကတည်းက မြစ်ကမ်းစပ်မှာ လူအများစုဝေးရောက်ရှိနေကြပါတယ်၊ တချို့ဆိုရင်လည်း တံတားတွေ ပေါ်မှာ စုဝေးနေကြပါတယ်၊ လက်တွေထဲမှာလည်း မီးရှူး မီးပန်းထုပ်များကို ကိုင်ဆောင်ထားကြပါတယ်။ ည ၁၂ ကျော်လို့၂၀၁၂ - ခုနှစ်ရဲ့ နှစ်သစ်ကို ကြိုဆိုကြဖို့ပါပဲ၊
စာရေးသူကိုလည်း ရင်းနှီးခင်မင်ကြသူများက သူတို့နဲ့ အတူ လိုက်ကြည့်ကြဖို့ လာခေါ်ကြတာနဲ့ လိုက်ကြည့်ဖြစ်ခဲ့ပါတယ်။ လမ်းပေါ်တွေ တံတားပေါ်တွေမှာ လူတွေပြည့်နေကြတယ်၊ ပြီးတော့လည်း မီးရှူး မီးပန်းများကို ပစ်လွှတ်ကြပါတယ်။ ရာသီဥတုကလည်း အလွန်အေးလှတဲ့အတွက် ဆီးနှင်းတွေကလည်း အုံ့ဆိုင်းလို့ နေပါတယ်။ ဆီးနှင်းတွေနဲ့အတူ မီးရှူး မီးပန်းများရဲ့ ရမ်းငွေ့တွေလည်း ဝေဟင်မှာ ပျံ့နှံ့လို့နေပါတယ်။ တစ်စုံတစ်ရာ ပြဿနာအခက်အခဲ မဖြစ်အောင်လည်း လုံခြုံရေးများလည်း ချထားပေးပါတယ်။ ညလုံးပေါက်နီးပါး မီးရှူး မီးပန်းများ ပစ်လွှတ်နေကြပါတယ်။

စာရေးသူတို့ရဲ့ မြန်မာဗုဒ္ဓဘာသာများကလည်း နှစ်သစ်ကို ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနဲ့အညီ ကြိုဆိုခဲ့ကြပါတယ်။ ဗုဒ္ဓသာသနရံသီ အသင်းတိုက်မှာပဲ ကုသိုလ်ကောင်းမှုများလုပ်၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ နှစ်ကူးရဲ့ နှစ်ဦးမင်္ဂလာလို့ပဲ ပြောရမှာပါပဲ။ နှစ်သစ်မရောက်ခင်ကတည်းက အလှူရှင် အလှူအမများက နှစ်သစ်ကူးမှာ ဧည့်ပရိသတ်များအား အုန်းနို့ခေါက်ဆွဲ လှူဒါန်းမယ်လို့ လျှောက်ထားခဲ့သဖြင့် ဧည့်ပရိသတ်များကို ဖိတ်မံပြီး အလှူအတန်းလည်းပြုလုပ်ရင်း ပဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဆိုပူဇော်ကြမယ်၊ ပြီးတော့ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးရဲ့ မေတ္တာပို့နဲ့ အတူ ဆုတောင်း အမျှဝေကြမယ်လို့ စီစဉ်ခဲ့ကြပါတယ်။ စီစဉ်ခဲ့တဲ့အတိုင်း အလှူရှင် အလှူအမများကလည်း အုန်းနို့ခေါက်ဆွဲဖြင့် တည့်ခင်းဧည့်ခံလှူဒါန်းကြပါတယ်။ ပဌာန်းဒေသနာတော်နှင့် မေတ္တာပို့ ဆုတောင်းအမျှဝေခြင်းတို့ကိုလည်း ပြုလုပ်နိုင်ခဲ့ကြတဲ့အတွက် နှစ်သစ်ကူးရဲ့ နှစ်သစ်ဦး မင်္ဂလာကို ၀မ်းမြောက်ဝမ်းသာ ရယူနိုင်ခဲ့ကြပါတယ်။

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels